ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့၊ မြန်မာ့စီပွါးရေးဘဏ်ခွဲရှေ့တွင် လုံခြုံရေးယူနေသည့်စစ်ကောင်စီတပ်သား ၈ ဦးကို ယနေ့နိုဝင်ဘာလ ၁၁ရက်နေ့ မနက် ၅နာရီအချိန်ဝန်းကျင်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်းမြင်းခြံခရိုင် PDFတပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှသိရသည်။
အဆိုပါ စီးပွားရေးဘဏ်ခွဲလုံခြုံရေးစစ်ကောင်စီ တပ် သားများအိပ်ငိုက်နေချိန်ဖြစ်၍ လက်ပစ်ဗုံးဖြင့်အနီးကပ်ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးထိခိုက်သေ ဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။
“မနက် ၅နာရီ လောက်ကပါ။အဲ့ကောင်တွေ (၈) ကောင်က အိပ်ပျော်တဲ့သူနဲ့ အိပ်ငိုက်နေကြတာနဲ့အနီးကပ် ပစ်ခတ်နိူင်ခဲ့ပါတယ်။မသေတဲ့ ၂ကောင်က ရမ်းသမ်းပြန်ပစ်ပေမယ့် ကျနော်တို့အကုန်ဘေးကင်းပါတယ်”ဟု Zero ပြောက် ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်၏သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုဗုံးခွဲတိုက်ခိုက်မှုကို Zeroပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ဖွဲ့ နှင့်အတူ TRUE FIGHTER (တပ်ခွဲ ၃)တို့မှ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်းနှင့် တော်လှန်ရေးတပ်သားများ ဘေး အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဆုတ်ခွါလာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#AyeyarwaddyTimes