ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
ပြည်သူတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ကာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက် လှမ်းသည်အထိ အမေရိကန်နိုင်ငံက မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့ အမေရိ ကန် အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တန်ဘရင့်ခ်က ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အခြေအနေဆိုးရွားလာတာကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်မဲ့ ခြေလှမ်းတွေ ဆက်လက်လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။
‘”ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေက အယောင်ဆောင်တွေပါ။ အာဏာသိမ်းစစ် ကောင်စီက မြန်မာပြည်သူတွေအပေါ် လူမဆန်သော ကြောက်မတ်ဖွယ်ရာ အကြမ်းဖက်မှုတွေက လက်သင့်ခံစရာ မရှိပါဘူး” လို့ ဒန်နီရယ်ခရစ်တန်ဘရင့်ခ်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံအပါအဝင် မိတ်ဖက်တွေနဲ့အတူ အမေရိကန်နိုင်ငံက အကြမ်းမှုတွေ ရပ်တန့်ကာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ စစ်ကောင်စီကို ဖိအားပေးမှု တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အမေရိကန်နိုင်ငံက အားပေးထောက်ခံတယ်လို့ သူက ထပ်လောင်းပြောပါတယ်။
အမေရိကန်နဲ့ ဉရောပသမဂ္ဂက နိုဝင်ဘာလ ၈ ရက်မှာ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တွေ၊ လူပုဂ္ဂိုလ် တွေနဲ့ လက်နက်ပွဲစားကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူမှုသစ်တွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးစီးပြုလုပ်နေသည့်စစ်ကောင်စီအစည်းအဝေးတခု(ပုံဟောင်း)။
ကိုးကား – Bernama
Ref; US will continue to pressure Myanmar junta to cease violence, return to democratic path