ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီရဲ့ ရုံးစိုက်ရာမြို့ဖြစ်တဲ့ ပုသိမ်မြို့ကလမ်းဆုံ၊လမ်းခွများမှာ CCTVခြောက်ဆယ်ကျော်တပ်ဆင်ထားပြီးနေ့စဉ်စောင့်ကြည့်နေတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“အဓိကက PDFတွေလှုပ်ရှားမှုတွေကိုစောင့်ကြည့်တာ တိုင်းမြို့တော်ဖြစ်တဲ့
အတွက် ဗုံးခွဲတာတို့ တစ်ခုခုဖြစ်ရင်မသင်္ကာတဲ့ လူတွေကိုရှာဖို့အတွက်တပ်ဆင်ထားတာအကုန်ဆို၆၃လုံးရှိတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့မှာ CCTVအဓိကတပ်ဆင်ထားတဲ့နေရာများအနေနဲ့ မီးပွိုင့် ၄ခု
မြို့တော်ခန်းမ၊ ပုသိမ်တံတားအမှတ်(၁)နဲ့
အမှတ်(၂)အပြင် မြို့တွင်းလမ်းဆုံနေရာ
များမှာတပ်ဆင်ထားပြီး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာအဖွဲ့ဖွဲ့ပြီးစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ပုသိမ်မြို့မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့မြို့ပေါ်ရှိ နေအိမ်များမှာ တပ်ဆင်ထားတဲ့ CCTV များအားဖြုတ်ထားကြဖို့မေတ္တာရပ်ခံထားပါတယ်။
#ပုသိမ် #စစ်ကောင်စီ #CCTV
#Ayeyarwaddy_Times