ဧရာဝတီတိုင်းမ်
(ပေါင်)၊ နိုဝင်ဘာလ ၁၀ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်က စစ်ကောင်စီ၏ သတင်းပေးဟု နာမည်ကြီးသည့် ဓာတ်ပုံဆရာတစ်ဦး အသတ်ခံရကြောင်း သိရသည်။
၎င်းမှာ ဓာတ်ပုံဆရာရဲသူကျော်(ခေါ်)ကိုရဲဆိုသူဖြစ်ပြီး ဝင်းခလုံးရွာသစ်ပိုင်းတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၏ နေအိမ်သို့ သွားရောက်စဥ် သမဝါယမစုပေါင်းအသင်းရုံးရှေ့တွင် သေနတ်ဖြင့် ၄ ချက်ခန့်ပစ်ခတ်ခြင်းခံခဲ့ရပြီး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ပေါင်မှာဒလန်ဆိုပြီးနာမည်ကြီးတဲ့သူ ၂ ယောက်ရှိတယ်။ သူကအဲ့ထဲကတစ်ယောက်ပါ။ နောက်တယောက်ကကြံ့ဖွံ့က။ သူ့အိမ် အသွားလမ်းမှာ ရှင်းလင်းလိုက်တာ။ သူကရဲတွေနဲ့ပေါင်းတယ်၊ သူကဓာတ်ပုံဆရာ။ ဆန္ဒပြတဲ့ထဲပါဝင်တဲ့ CDM တွေ ဆန္ဒပြတဲ့လူတွေရဲ့ တယောက်ချင်းဆီ အနီးကပ် မျက်နှာပုံတွေကို ရဲဆီမှာ ရှိနေတယ်”ဟု ပေါင်မြို့ခံ တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဓာတ်ပုံဆရာရဲသူကျော်မှာ နှစ်လုံးလောင်းကစားဒိုင်ဖွင့်ထားသူဖြစ်ပြီး စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တို့နှင့် နီးစပ်သည့်ဆက်ဆံရေးရှိသူဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ပေါင်မြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ကော့ကံကျေးရွာရှိ စစ်ကောင်သတင်းပေး ဦးလှမြင့်အား ဒေသခံပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#ပေါင် #သတင်းပေး #ဒလန် #ဓာတ်ပုံဆရာ #အသတ်ခံရ
#Ayeyarwaddy_Times