ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်၏ နေအိမ်ကို ယနေ့ နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီမှ မှလာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ရှမ်းစု ၁ လမ်းရှိ ၎င်းနေအိမ်ကို ယနေ့မနက်ပိုင်းက စစ်အုပ်စုလက် အောက်ခံရဲနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက် ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေအိမ်မှာ လူတော့မရှိဘူး။ မနက်ကရဲတွေလာပြီး ချိပ်ပိတ်သွားတာ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဦးစည်သူမောင်သည် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပန်းဘဲတန်းမြို့နယ်ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ယမန်နေ့ကလည်း NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

#NLD #လွှတ်တော်အမတ် #နေအိမ် #ချိတ်ပိတ်ခံရ #Ayeyarwaddy_Times