ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စု၊ တာဘောကော်ဒဲကျေးရွာအတွင်းသို့ ယမန်နေ့ နိုဝင်ဘာလ ၉ ရက် မနက် ၁နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်များမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကေအန်ယူမှသတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များမှ ကေအန်ယူ-ကရင်အမျိုးသားအုပ်ချုပ်နယ်မြေအတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များထိခိုက်မှုရှိခဲ့ပြီး အရေအတွက်အတိအကျအား အတည်ပြုနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#Ayeyarwaddy_Times