ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

စစ်တပ်က လက်နက်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်လျက်ရှိရာ မြန်မာနိုင်ငံမှာ ပဋိပက္ခအဆုံးသတ် ရေး တွေ့ဆုံဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံလိုက်ပါတယ်။

“စစ်ပွဲကြောင့် ဆီးရီးယား၊ ယီမင်နဲ့ မြန်မာနိုင်ငံတွေမှာ ပြည်သူတွေ ဒုက္ခရောက်ရပါတယ်။ စစ်ပွဲက လူ သားဆန်မှုကို ဖျက်ဆီးနေပါတယ်။ ပဋိပက္ခတွေကို စစ်ပွဲနဲ့ ဖြေရှင်းလို့မရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက နိုဝင် ဘာလ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီးက ယူကရိန်းစစ်ပွဲကို အလေးထားခဲ့ကြပေမယ့် ပုပ်ရဟန်းမင်းကြီးက မြန်မာ့အရေးနဲ့ပတ်သက် လို့ ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့သလို ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဆုတောင်းပေးခဲ့ပါ တယ်။

ခရစ်ယာန်အများစုနေထိုင်ရာ ကချင်၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်တွေအပါအဝင် ဒေသတွေများစွာမှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတေွ ပြုလုပ်နေစဉ် အခု လို ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးတာပါ။

မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ကျေးရွာများစွာ ပျက်စီးခဲ့ပြီး အရပ်သားတွေများစွာ သေဆုံးခဲ့ ပါတယ်။ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ၊ အဆောက်အအုံတွေနဲ့ ကျေးရွာ တွေ ပျက်စီးခဲ့ရပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလဆန်းထိ ကယား၊ ကရင်၊ ချင်းပြည် နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI) က နိုဝင်ဘာလ ၃ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအတွင်း မှတ်တမ်းတင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅ ဉီး သေဆုံးကာ ၃၆ ဉီး ဒဏ်ရာရရှိခဲ့ ပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ စစ်ရှောင်စခန်းတစ်ခု ပျက်စီးခဲ့ ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း တက်ရောက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ ယ နေ့စတင်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးကို အဓိကထား ဆွေးနွေးနေကြပါတယ်။

ကိုးကား – UCA News
Ref; Pope appeals for dialogue to end war in Myanmar