
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
ယူကရိန်းတပ်ဖွဲ့တွေက အရှေ့ပိုင်းရှိ ဒွန်းနက်ခ်ဒေသ ထိန်းချုပ်ရေးအတွက် တိုက်ပွဲဝင်ရာမှာ တစ်စင်တီ မီတာမျှ အဆုံးရှုံးခံမှာမဟုတ်ဖူးလို့ သမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
“ရုရှားကျူးကျော်သူတွေက နေ့စဉ် ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်” လို့ ရုပ် သံမိန့်ခွန်းတစ်ခုအတွင်း ဇီလန်စကီးက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ မြေပြင်မှာ အကျအဆုံး များပြားနေပြီး ယူကရိန်းတပ်ဖွဲ့တွေက ပိုင်နက်နယ်မြေ တစ်စင်တီမီတာမျှ ဆုံးရှုံးခံမှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်းနက်ခ်ဒေသဟာ စက်တင်ဘာလနှောင်းပိုင်းနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေ ကျူး ကျော်သိမ်းပိုက်ခဲ့တဲ့ ဒေသလေးခုအနက် တစ်ခုဖြစ်ပါတယ်။
ဒေသခံတွေက တင့်ကားတွေ မြင်တွေ့ခဲ့ရပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ Snihurivka မြို့ရှိ ရုရှားကခန့်အပ်ထားတဲ့ မြို့တော်ဝန်တစ်ဉီးကို ကိုးကားပြီး ရုရှားသတင်းဌာန RIA က ဖော်ပြပါတယ်။
“တင့်ကားတွေ သွားလာနေပြီး လက်နက်ကြီးတွေ ပစ်ခတ်နေကြပါတယ်။ ဒေသခံတွေက တင့်ကားတွေ မောင်းနှင်နေတာကို မြို့လယ်ကတောင် မြင်တွေ့ရနိုင်ပါတယ်” လို့ မြို့တော်ဝန် ယူရီဘာဘာဆော့ဗ်က ပြောပါ တယ်။
ယူကရိန်းတပ်ဖွဲ့တွေက စစ်မြေပြင်သုံးခုမှာ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ရုရှားခန့်အပ် ခါဆင်ဒေသ ဒုတိယအကြီးအကဲ ကီရေးလ်စတီရီမော်ဆော့ဗ်က ပြောကြားလိုက်ပါတယ်။
ကိုးကား – Reuters
Ref; Ukraine Promises Not to Give up ‘a Single Centimeter’ to Russia in East