ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁0 ရက်

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက်မှ စတင် ပြုလုပ်မှာဖြစ်ပြီး ခေါင်းဆောင်တွေက အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့ မြန်မာ့အရေးကို အဓိကထား ဆွေးနွေး မယ်လို့ သိရပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ ဩဇာလွှမ်းမိုးဖို့ အမေရိကန်နဲ့တရုတ်နိုင်ငံက ယှဉ်ပြိုင်နေကြစဉ် ဖနောင်ပင်မြို့ တော်မှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း တက်ရောက်မှာဖြစ်ပါ တယ်။

လေးရက်ကြာ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အတွင်း ပိုင် နက်နယ်မြေအငြင်းပွားမှု၊ ကပ်ရောဂါမှ နလံပြန်ထူရေးကိစ္စရပ်တွေ၊ ဒေသတွင်းကုန်သွယ်မှုနဲ့ ရာသီဉတုပြောင်းလဲ မှုကိုပါ ဆွေးနွေးကြမှာဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်တို့က အာဆီယံထိပ်သီးဆွေးနွေးပွဲ သို့မဟုတ် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု မမျှော်မှန်းရသော်လည်း အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ် လို့ ယူဆရပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲကို လူကိုယ်တိုင်တက်ရောက်ခြင်းဖြင့် သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကရဲ့ အကျိုးစီးပွားတွေကို တွန်းအားပေးကာ အာဆီယံဒေသအတွက် ဝါရှင်တန်ရဲ့ကတိကဝတ်ကို ပြသနိုင်မှာဖြစ်ပါ တယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲက အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ပြီး အခွင့်အလမ်းတွေ ဆောင် ကျဉ်းပေးနိုင်လိမ့်မယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တန်ဘရင့်ခ်က ပြောပါ တယ်။

“အမေရိကရဲ့ အနာဂတ်လုံခြုံရေးနဲ့ သာယာဝပြောမှုက အာရှ-ပစိဖိတ်ဒေသမှာ ဖြစ်ပျက်နေတာတွေအ ပေါ် မူတည်နေတယ်ဆိုတာ သမ္မတကနေ နိုင်ငံခြားရေးဝန်ကြီးအထိ အမေရိကန်အစိုးရတစ်ဖွဲ့လုံ သိပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – AP
Ref; Biden to attend summit of Southeast Asian leaders as Myanmar looms