ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
စာရေးဆရာ အကြည်တော်မှာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။
လွန်ခဲ့တဲ့ ၃ လခန့်က ကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သွားရောက်ကုသမှုခံယူခဲ့ပြီးနောက် ရန်ကုန်မြို့၊ ပင်လုံဆေးရုံ၌ အရေးပေါ်အခြေအနေနဲ့ ကုသမှု ခံယူနေစဥ် ယနေ့ည ၈ နာရီအချိန်မှာ ကွယ်လွန်သွားတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“ဟာသဝတ္ထုတွေ မဖတ်ရတော့မှာထက် သူ့လို စာရေးဆရာတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ ပိုနှမြောဖို့ကောင်းတယ်ဗျ။ သူဖန်တီးတဲ့ အနုပညာအပေါ် လိပ်ပြာသန့်သန့်နဲ့ ရပ်တည်ခဲ့တဲ့သူပါ” လို့ အကြည်တော်ရဲ့ စာဖတ်ပရိသတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ စာရေးဆရာအကြည်တော်ဟာ လုံးချင်းဟာသဝတ္ထု ၈၀ ကျော် ရေးသားခဲ့သူဖြစ်ပြီး လူကြီး၊လူငယ်များပါ ကြိုက်နှစ်သက်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။
သူ မကွယ်လွန်မီ အနုပညာဖန်တီးမှုတစ်ခုအဖြစ် သူကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာတွေကို ဂီတနဲ့ ပေါင်းစပ်ထားတဲ့ “ကဗျာဂီတ အယ်လ်ဘမ်” ကို ဖြန့်ချိခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဟာသဝတ္ထု #စာရေးဆရာ #အကြည်တော် #ကွယ်လွန်
#Ayeyarwaddy_Times