ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာလ ၉ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် CDF-Mindatနှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် မင်းတပ်မြို့နယ်၊ အမှတ် (၁)ပလုံတွီကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး ၎င်းရွာအနီးတွင် CDF-Mindatနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CDF-Mindatရဲဘော်တစ်ဦးက ပြောသည်။
“မနေ့က ထီးလင်းမြို့ကနေ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ မင်းတပ်မြို့နယ်၊ အမှတ်- ၁ ၊ ပလုံတွီရွာကို ရုတ်တရက်ရောက်ရှိလာတဲ့အတွက် ကျေးရွာနေပြည်သူလူထုတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ချိန်မရဘဲဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ရွာအနီးမှာပဲ CDF-Mindatနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပါတယ်။ CDF-Mindatဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု CDF-Mindatရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က စစ်ဘေးရှောင်ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးကာ နှိပ်စက်ခံနေရကြောင်း ဒေသခံအချို့ကဆိုသည်။
နှိပ်စက်ခံနေရသော ကျေးရွာပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ၏ အော်သံများနှင့် ငိုသံများကို ၎င်းကျေးရွာအနီးတဝိုက်မှ ကြားနေရပြီးတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး CDF-Mindatမှ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – CDF-Mindat
#မင်းတပ် #စစ်ကောင်စီ #CDFMindat #တိုက်ပွဲ
#Ayeyarwaddy_Times