ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နဲ့ ဝါးခယ်မမြို့မှာ နိုဝင် ဘာပထမအပတ်အတွင်းကစလို့ စစ်အုပ်စုက ဆိုင်ကယ်တွေကို ညအချိန်စောင့်ပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီ ကသိရပါတယ်။

ယခင်ကနေ့ခင်းဘက်တွေမှာဖမ်းဆီးလို့ ဆိုင်ကယ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအစုံအလင်ရှိတဲ့သူ လောက်ဘဲအပြင်ထွက်တာကြောင့် ဖမ်းဆီးရရှိမှုနည်းလို့ ညဘက်တွေပါစောင့်ဆိုင်းဖမ်းဆီးလာတာဖြစ်ပြီး ဒဏ်ငွေကျပ် အနည်းဆုံး ၃ သောင်းကစတင်တောင်းခံတယ်လို့ကျောင်းကုန်းမြိုခံတဦးက အခုလိုပြောပါတယ်။

”ကျောင်းကုန်းမှာက နေ့ဘက်မှာ သူတို့(စစ်ကောင်စီ)တွေဖမ်းနေမှန်းသိတော့ လူတွေကတော်ရုံ မထွက်ဘူး။ ဆိုင်ကယ်နဲ့ပတ်သက်လို့အကုန်စုံတဲ့လူလောက်ဘဲထွက်တာဆိုတော့ သူတို့သိပ်မရဘူး။ အဲ့တော့ကျ ညနေဘက်၊ ညဘက်အလုပ်ပြန်သူတွေ ၊ ဟိုနားဒီနား ဈေးဝယ်ထွက်သူတွေကိုချောင်းဖမ်း တာ။ ဖမ်းတာမှ ည ၉ နာရီ ၁၀ နာရီ ညဉ့်နက်တဲ့အထိကိုဖမ်းတာ။ မိရင်လည်း ဒဏ်ငွေဆိုပြီး အနည်း ဆုံး ၃ သောင်းတောင်းတယ်။ အဲ့တော့လူတွေမှာ အရမ်းဒုက္ခရောက်ကျရတယ်” လို့ ကျောင်းကုန်း မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အလားတူ ဝါးခယ်မမြို့ပေါ်မှာလည်း စစ်အုပ်စုက ဆိုင်ကယ်တွေကိုညအချိန်စောင့်ဆိုင်းဖမ်းဆီးပြီး ဒဏ်ငွေတွေတောင်းခံနေလို့ မြို့ခံတွေအခက်တွေ့နေရတယ်လို့ဆိုပါတယ်။

”ညဘက်တွေဖမ်းနေတာ တပတ်လောက်ရှိပြီ။ တနေကုန်မဖမ်းဘူး ၊ ညရောက်ပြီဆိုမှထွက်ဖမ်းကြတာ။ ဒဏ်ကြေးကတော့ သူတို့ပါးစပ်ထဲရှိတဲ့အတိုင်းဘဲ ၅ ထောင် ၁သောင်းကစပြီး တောင်းချင်သလောက် တွေတောင်းတယ်လို့၊ ဖမ်းတာဒလန်တွေလည်းပါတယ်။ သူတို့ပါကြောက်နေရတာ” လို့ ဝါးခယ်မမြို့ ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့လက်အောက်ခံရဲတွေက ဆိုင်ကယ်တွေကိုဖမ်းဆီးဒဏ်ရိုက်ပြီး​တေ့ စစ်ကောင်စီအတွက်ဝင်ငွေရှာဖွေတာတွေလုပ်ဆောင်နေကာ လက်ရှိမှာနေ့ဘက်များတွင်သာမက ညဖက်တွေမှာ ပါဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

#ကျောင်ကုန်း #ဝါးခယ်မ #ဆိုင်ကယ် #ညဘက် #ဖမ်းဆီးခံရ #Ayeyarwaddy_Times