ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
တိုင်းပြည်ကို ကစဉ့်ကလျားအခြေအနေ ဖြစ်စေခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာရဲတပ်ဖွဲ့နဲ့ ထိ တွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်နေတယ်လို့ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က ဝန်ခံလိုက်ပါတယ်။
Greens ပါတီမှ အထက်လွှတ်တော်အမတ် ဂျော်ဒန်ဂျွန်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ သြ စတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ “မြန်မာရဲတပ်ဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှု ဆက် လက်ရှိနေပါတယ်” လို့ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး အီယန်မတ်ကတ်နေးက ပြောပါတယ်။
“လေ့ကျင့်ရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်တွေသာမက မူးယစ်ဆေးတိုက်ဖျက်ရေးမှာ မြန် မာရဲတပ်ဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
မူးယစ်ဆေးတိုက်ဖျက်ရေးဟာ အမျိုးသားလုံခြုံရေးကိစ္စရပ်တစ်ခုဖြစ်ပြီး ထောက်လှမ်းရေးသတင်းတွေ က အရေးကြီးတယ်လို့ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး ရိစ်ကာရှောက ပြောပါတယ်။
သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက် မှု လျှော့ချကာ မြန်မာဆိုင်ရာ သံအမတ်ကို သံရုံးယာယီတာဝန်ခံအဆင့်အထိ သံတမန်ဆက်ဆံရေး အဆင့်လျှော့ ချခဲ့ပါတယ်။
မြန်မာရဲတပ်ဖွဲ့က လူသားမဆန်သော ရာဇဝတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူး လွန်ခဲ့ပါတယ်။ သြစတြေးလျအစိုးရက အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်မယ့်အစား မြန်မာစစ်တပ် နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူသင့်ပါတယ်” လို့ ဂျော်ဒန်ဂျွန်က ပြောပါတယ်။
စစ်ကောင်စီ၊ မြန်မာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံး ချက်ချင်း ရပ်တန့်ဖို့ တက်ကြွလှုပ်ရှားသူ များအဖွဲ့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
“NUG ကို အသိအမှတ်ပြုခြင်း၊ စစ်တပ်ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တစ်ခု တည်ဆောက်ဖို့ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံခြင်းအားဖြင့် သြစတြေးလျအစိုးရက မူး ယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ပါတယ်” လို့ Justice For Myanmar က ပြောပါတယ်။
ကိုးကား – ABC
Ref; AFP sharing intelligence with Myanmar police over drug trafficking after coup