ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ထမင်းမစားကျေးရွာအုပ် စု၊ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၈ ရက် မနေ့ မနက် ၆ နာရီဝန်းကျင်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိ ရပါတယ်။

နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဂိတ်ကု ဒေသမဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်း မှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ PPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

”မနေ့ မနက်အစောကြီး ကျနော်တို့မဟာမိတ်အဖွဲ့တွေပေါင်းပြီး နန်းတောင်စကစတပ်ကိုဝင်တိုက်ခိုက်တာပါ။ အဲ့ဒီမှာကတပ်စွဲထားတာကြာပြီ။ တပ်က ပလောက် တိုင်းဗဟိုတပ်ကကောင်တွေ။ အရာရှိတကောင်ပါတယ် ၊ ၄ ယောက်သေပါတယ်” လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါ တယ်။

တိုက်ပွဲအတွင်းသေဆုံးခဲ့သူတွေဟာ ပလောက်ဒေသအခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း(တတက ၁၂ ) မှ DSA အမှတ်စဉ် ၅၅ ဆင်း ဗိုလ်ကြီး ရှိုင်းသူအောင် နဲ့ အရာခံဗိုလ် မောင်ကြည် တို့ ၂ ဦးပါဝင်တယ်လို့ ပလောက်ဒေသစစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ဒေသခံတဦးကပြောပါတယ်။

”မနေ့ကတိုက်ပွဲမှာ ပလောက် တတက ၁၂ တပ်က ဗိုလ်ကြီး ရှိုင်းသူအောင် နဲ့ အရာခံဗိုလ် မောင်ကြည် ၂ ယောက် ပါတယ်လို့သိရတယ်။ ကျန်တဲ့သူတွေတော့မသိဘူး။ သေသွားတဲ့ ဗိုလ်ကြီးက မိန်းမမရှိသေးဘူး လူပျို ဗိုလ်ကြီး၊ မိတ္ထီလာဘက်ဇာတိလို့သိရတယ်” လို့

ပလောက်စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက ဧရာ ဝတီတိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ရဲ့ ပုလောမြို့နယ်အခြေစိုက် ခလရ ၂၈၅ တပ်ရင်းက လက် နက်ကြီး တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့လို့ နန်းတောင်ရွာအတွင်းက နေအိမ်တချို့ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

#ပုလော #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #၄ဦးသေဆုံး #AyeyarwaddyTimes