ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို ပြစ်တင်လိုက်ပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုပုံစံ ဖြစ်နိုင်ချေပုံစံကို အခြေခံ၍ တောင်ကိုရီး ယားက ကွန်ပြူတာဖြင့်ထိန်းချုပ်တဲ့ Taegeuk လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လျက်ရှိပါ တယ်။
မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့ပြီး စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်အမှန်က ကျူးကျော်စစ်ပွဲ ဆင်နွှဲဖို့ပြင်ဆင်မှုတွေ ပြုလုပ်ခြင်းသားဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက လက်တုံ့ပြန်မယ့် အစီအမံတွေ လုပ်ဆောင်မှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေရှိလင့်ကစား တောင်ကိုရီးယားနိုင်ငံက အမေရိကန်တပ်ဖွဲ့ တွေနဲ့အတူ လေးလဆက်တိုက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
တောင်ကိုရီးယားစစ်တပ်က ငါးနှစ်အတွင်း အကြီးမားဆုံး လေကြောင်းလေ့ကျင့်မှုကို ပြီးခဲ့တဲ့အပတ်အ တွင်း ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားအပေါ် ဖိအားပေးမှု တိုးမြှင့်လိုက်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲလေကြောင်းလေ့ကျင့်မှုကို လက်တုံ့ပြန်ဖို့ မနေ့ကစပြီး စစ်ဆင် ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။
ပဲ့ထိန်းဒုံးကျည် အစင်း ၈၀ ကျော်နဲ့ အခြားဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကြောင့် တောင်ကိုရီးယားတပ်ဖွဲ့တွေ ကို တပ်လှုန့်ထားပါတယ်။
ကိုးကား – NHK
Ref; N.Korea: Seoul will pay ‘high price’ for military drill