ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ စစ်ကောင်စီက ကျေးရွာ ၁ ရွာကို လူ ၁၀ ယောက်နှုန်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေးစေခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ကျေးရွာ ၁ ရွာကို အမျိုးသား ၁၀ ဦး မဖြစ်မနေရွေးပြီး ပြည်သူ့စစ်ဖွဲ့စည်းဖို့နဲ့ သင်တန်းပေးဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးစေခိုင်းထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“တစ်အုပ်စုကို ၁၀ ဦးစီတောင်းတာမလုပ်ချင်ကြဘူး မီးသတ်ဆယ်မှုးရာမှုးတွေနဲ့အဖြစ်ဖွဲစည်းပေးကြတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကျေးရွာ ၁ ရွာကို လူ ၁၀ ဦးနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီက ဖိအားပေးစေခိုင်းသလို ဖွဲ့စည်းထားတဲ့ စာရင်းကို နိုဝင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပိုဖို့ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ကျေးရွာတွေမှာ ဖိအားပေးပြီး ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီက စေခိုင်းလာတာဟာ စစ်တပ်အင်အားမလုံလောက်တာမျိုးတွေနဲ့ ရဲအင်အားလျော့နည်းလာတာကြောင့် ခုလိုမျိုး ပြည်သူကို ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ပုံစံမျိုးနဲ့ ထိန်းချုပ်ဖို့စီစဉ်တာမျိုး ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်း တွေက သုံးသပ်ပြောဆိုကြပါတယ်။
#ညောင်တုန်းမြို့ #တစ်ရွာ #၁၀ယောက်နှုန်း #စစ်ကောင်စီ #ပြည်သူ့စစ်
#Ayryarwaddy_Times