ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကွကျေးရွာမှ စစ်ကောင် စီလက်အောက်ခံ ပျူစောထီး ၁ ဦးကို နိုဝင်ဘာလ ၅ ရက် မနက် ၁၀ နာရီခွဲခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိုင် (ပကဖ)အဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများစိုက်ပျိုးထားသည့် မြေပဲခင်းများမှမြေပဲများကို၄င်းပျူစောထီးမှ လယ်ထွန်စက်ဖြင့်ဝင်ရောက် သယ်ယူနေစဥ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း PDF တာဝန်ရှိသူကပြောသည်။
“အဲဒီက ဒေသခံတွေက စိုက်ပျိုးထားတာပေါ့။ ခုချိန် တိမ်းရှောင်နေရတော့ ရိတ်သိမ်းချိန်လည်းမရကြဘူး။ အဲဒါကို ပျူခွေးတစ်ကောင်က သူများစိုက်ထားတာကို အသင့်ဝင်ယူပြီး ဆီကြိတ်တာတို့လုပ်တာ။ ဒါကို အဲ့ဒီမတိုင်ခင် ညကတည်းကသတင်းကြိုရလို့။ ပြည်သူတွေရဲ့ဟာကိုဒါမျိူးလုပ်လို့မရဘူး။ သူ့ရဲ့နာမည်တွေဘာတွေတော့မသိဘူး၊ သတင်းရလို့သွာရှင်းခဲ့တာ။ အဲ့ဘက်ရွာတွေက ပျူရွာတွေဆိုတေ့ာပျူများတယ်။ “ဟု မြိုင် (ပကဖ) ခေါင်း ဆောင်ဗိုလ်လက်ယျာမှ ဧရာဝတီတိုင်းမ်ကိုပြော သည်။
၎င်းမှဆက်လက်ပြီး “အဲဒီပျူခွေးက ထွန်စက်မောင်း တာ ။ စစ်ခွေးတွေက နှစ်ဖာလုံလောက်မှာ လုံခြုံရေးစောင့်တာ။ အဲဒီကြားက ပျူကိုဝင်ရှင်းခဲ့တာပါ။ ဝံပုလွေအဖွဲ့နဲ့ ပေါင်းရှင်းခဲ့တာပါ။ အဲဒီရွာက ပျူတွေကြီးစိုးတဲ့နေရာ။ ပျူတွေနေကြတာပေါ့။ သူတို့နားက ယာခင်းတွေကို အာ့လိုယူနေကြတာ”ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ သော်လည်း အဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်းနှင့် ပျူစောထီးမှာ နေရာတင်သေဆုံးသွားကြောင်း သိရှိရသည်။
နိုင်ဝင်ဘာလ ပထမပတ်ကပင် မြိုင်၊ ကန်နီရွာမှာလည်း ပျူစောထီးအဖွဲ့ဝင်များက သီးနှံဖော်နေသည့် တောင်သူများကို သေနတ်များဖြင့် လိုက်လံပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
#မြိုင် #ပျူစောထီး #ပစ်ခတ်ရှင်းလင်းခံရ #AyeyarwaddyTimes