ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊နိုဝင်ဘာလ ၈ ရက်

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ ဘုရားကြီးညောင်ပင်ကြီးလမ်းဆုံအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၇ ရက် မနက် ၁၀ နာရီခန့်တွင် ကြံ့ခိုင်ရေးပါတီဝင်အမျိုးသား ၁ ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ပစ်သတ်ခံရသူမှာ သရက်ချောင်းမြို့နယ်ကြံ့ခိုင်ရေး ပါ တီမှလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသူ လက်ရှိ ပျူစောထီးခေါင်းဆောင် မင်းထွေးဆိုသူဖြစ်ပြီး ၄င်း၏ကားပေါ်တွင် သေနတ်ဖြင့် ၁၅ ချက်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့မှာလည်းသေနတ်ပါတယ်ဗျ၊သူလည်းကျနော်တို့ကိုမြင်လို့သေနတ်ဆွဲထုတ်နေတုန်းမှာကျနော်တို့အဖွဲ့ကလက်ဦးမှုယူပြီးသေနတ်ကျည် ၁၅ ချက်လောက်ဆက် တိုက်ပစ်ခတ်ခဲ့တာပါ။သူကတော့ပစ်ခတ်ခံရပြီးပွဲချင်းပြီးသေ သွားပါတယ် “ဟု Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကိုမင်းထွေးဆိုသူသည် ၂၀၂၀ ခုနှစ်က သရက်ချောင်းမြို့နယ်မှ ကြံခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ်ဝင်ရောက်အရွေးခံခဲ့သော်လည်း မဲရလာဒ်အပြတ်အသတ်

ဖြင့်ရှုံးနိမ့်ခဲ့ကြောင်း၊စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကဖွဲ့စည်းသည့် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့တွင် လက်နက်ကိုင်ဆောင်ကာ ပျူစောထီးခေါင်းဆောင်အဖြစ်လုပ်ဆောင်နေသူ​ဖြစ်ကြောင်းသိရသည်။

မင်းထွေးသည် စစ်ကောင်စီနှင့်ပူးပေါင်းကာ မြေကွက်များကိုတရားမဝင်အကွက်ရိုက်ရောင်းချပြီး ရရှိသောငွေများကိုမိမိကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊စစ်ကောင်စီအတွက်သတင်းယူပေးခြင်း၊၎င်းခေါင်းဆောင်ပြီးဖွဲ့စည်းထားတဲ့ပျူစောထီးများကို ထောက်ပံ့ခြင်းများပြုလုပ်နေသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ထားဝယ်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုအား Guerrilla Dawei ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်​များလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ခံပြည်သူလူထုများနှင့် လုံးဝ(လုံးဝ )မသက်ဆိုင်ကြောင်းထုတ်ပြန်ထားပါသည်။

ပုံ ၊သေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးသွားသော
မင်းထွေး