ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
ရုရှားနိုင်ငံရှိ အကျဉ်းထောင်တွေကနေ မကြာသေးမီက လွတ်မြောက်လာခဲ့တဲ့ လူသတ်သမားတွေနဲ့ မူးယစ်မှောင်ခိုသမားတွေက ဉပဒေပြင်ဆင်ချက်ကြောင့် ယူကရိန်းမှာ တိုက်ခိုက်ရာမှာ စစ်မှုထမ်းရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။
မကြာသေးမီက အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ ဆိုးရွားသော ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူ တွေကို အရန်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းမယ့်ဉပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြင်ဆင်ခဲ့ပါတယ်။
ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ သို့မဟုတ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အကျဉ်း သားဟောင်းတွေကိုတော့ အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှု ထမ်းခွင့်မပြုပါဘူး။ ယူကရိန်းကျူးကျော်စစ်ပွဲကာလအ တွင်း ရုရှားစစ်သားတွေက ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။
အရပ်သားတွေကို ကွက်မျက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ အပါအဝင် ရုရှားတပ်ဖွဲ့တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂက ဖွဲ့ စည်းပေးထားတဲ့ ယူကရိန်းဆိုင်ရာ လွတ်လပ်သော နိုင်ငံ တကာ စုံစမ်းစစ်ဆေးရေးကော်မရှင်က စက်တင် ဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေကျူးလွန်တဲ့ ထောင်နဲ့ချီတဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံ ကလည်း ပြောကြားထားပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေပြုလုပ်ခြင်းမရှိဘူးလို့ ရုရှားနိုင်ငံက ငြင်းဆန်နေပြီး ခွဲထွက်ရေးသ မားတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အရပ်သားတွေကို လက်နက်ကြီးပစ်ခတ်တယ်လို့ ယူကရိန်းကို စွပ်စွဲ လိုက်ပါတယ်။
စက်တင်ဘာလကတည်းက ဆင့်ခေါ်ခဲ့တဲ့ အရန်တပ်ဖွဲ့ဝင် ၃၀၀၀၀၀ ခန့်ကို ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့ တွေမှာ တာဝန်ထမ်းဆောင်ဖို့ ဖြန့်ကြက်လိုက်ပြီလို့ သမ္မတ ပူတင်က ပြောပါတယ်။
အရန်တပ်ဖွဲ့ဝင်တွေ ဆင့်ခေါ်တာဟာ ယူကရိန်းနိုင်ငံရှိ စစ်မြေပြင်မှာ ရုရှားတပ်ဖွဲ့တွေ ဆိုးဆိုးရွားရွား ရှုံး နိမ့်နေတာကို ပြသတာဖြစ်တယ်လို့ အနောက်နိုင်ငံတွေနဲ့ ယူကရိန်းရှိ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
ကိုးကား – BBC
Ref; Ukraine war: Putin allows former prisoners to be conscripted