အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ၇ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်စားနေတဲ့ တရားလွှတ်တော်ရှေ့နေနေအိမ်မှာ ဖမ်းဝိုင်းပြုလုပ်နေချိန် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အမှတ် (၆)ရပ်ကွက်၊ ခိုင်သော်တာလမ်းမှာရှိတဲ့ တရားလွှတ်တော် ရှေ့နေ မျိုးနိုင်ရဲ့နေအိမ်မှာ ဖဲဝိုင်းလုပ်နေတယ်ဆိုပြီး ပြည်သူကတိုင်းလို ဝင်အဖမ်းပြရပေမယ့် အိမ်ထဲရောက်တဲ့အချိန်မှာ ဖဲဝိုင်းဖမ်းမိသော်လည်း ၁ ဦး ၂ သိန်းနှုန်းနဲ့ ငွေ ၂၅ သိန်းတောင်းပြီး လူတွေကိုမဖမ်းပဲပြန်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။

” ဒီရှေ့နေက မအူပင်မြို့နယ် ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ ဥပဒေအကြံပေးဗျ၊ စစ်ကောင်စီတပ်တွေ မအူပင်မြို့မရဲစခန်းမှူးအစဥ်အဆက်လည်းအတော်လေးရီးနှီးကျွမ်းဝင်နေတာ ခုသူအိမ်မှာအမြဲလုပ်နေတဲ့ဖဲဝိုင်းကို ဝင်ဖမ်းတာဆိုတော့ သူတို့အချင်းချင်း တခုခု ဖြစ်လို့နေမှာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့တဲ့ ဖဲဝိုင်းပြုလုပ်တဲ့ နေအိမ် ပိုင်ရှင် မျိုးနိုင်ဆိုသူအား အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေကို ရဲတပ်ဖွဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ငွေညှစ်တောင်းယူနေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေအိမ်ဝင်ဖမ်းတဲ့အချိန်မှာ လာရိုက်တဲ့သူတွေဆီက တစ်ယောက်ကို ၂ သိန်းနဲ့ ငွေ ၁၀ သိန်းတောင်းသလို တရားလွှတ်တော်ရှေ့နေ မျိုးနိုင်ဆီက ငွေ ၁၅ သိန်း စုစုပေါင်း ၂၅ သိန်း တောင်းယူသွားတယ်လို့ သိရပါတယ်။