ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဒီကနေ့ နိုဝင်ဘာလ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းမှာ နှစ်ကျိတ်ရှစ်ဆူ ဘုရားလှည့်လည်ပွဲပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အဲ့ဒီနှစ်ကျိတ်ရှစ်ဆူဘုရားလှည့်လည်တဲ့ပွဲကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအ​ပြားက ​အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ပြီး လှည့်လည်ရာမှာပါဝင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် လှည့်လည်တဲ့လမ်းမတလျှောက်နဲ့ ကော့သောင်းမြို့အ နှံ့နေရာအများအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများအပြားဟာ ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းနေတာတွေ့ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
#Ayeyarwaddy_Times