ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းကျင်းပတဲ့
စတုဒီသာနဲ့ မီးမျှောပွဲ ကျင်းပရာနေရာ အနီးမှာ ယနေ့ နို၀င်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၂၀မိနစ် အချိန်က အင်အားပြင်းတဲ့ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

“စစ်ကောင်စီ လက်အောက်ခံတွေက အမှတ် (၁) ဘောတံတားကနေ မီးခွက်တွေမျောပြီးပြန်လာတဲ့အချိန် ရေပေါ်ဈေးထောင့်မှာ ပေါက်တာ။ နည်းနည်းနောနောအသံမဟုတ်ဘူး။ ပြေးကြတာအုန်းတိုက်နေတာပဲ။ တစ်ချို့ဖိနပ်တွေတောင်ကျန်ခဲ့တယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါ မီးမျှောပွဲကို စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်​ရောက်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ပွဲကျင်းပနေတဲ့စစ်ကောင်စီ လက်အောက်ခံတွေ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူအချို့က ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သူရှိ၊ မရှိကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ အတည်ပြုလို့မရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့တွေက ဗုံးပေါက်တဲ့နေရာကိုအင်အားပြည့်လာရောက်စစ်ဆေးပြီး မီးမျှောပွဲကို ဟန်မပျက်ပြန်လည်ကျင်းပနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

#ပုသိမ် #မီးမျှော်ပွဲ #စစ်ကောင်စီ #ဗုံးပေါက်ကွဲ
#Ayeyarwaddy_Times