ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်နေ့

ပဲခူးတိုင်း၊ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ မိမိတို့ စစ်ဆင်ရေးများနှင့် မသက်ဆိုင်သည့် အရပ်သားများကို စစ်‌ကောင်စီမှ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခြင်းကို ပြင်းထန်စွာရူံ့ချလိုက်ကြောင်းကို ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ သတင်း ထုတ်ပြန်သည်။

သဖန်းကုန်းတာပွန်လမ်းပေါ်တွင် မေလ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက် တရားဝင်ထုတ်ပြန်ကြေညာထားသော်လည်း စစ်ကောင်စီဘက်မှ PPDF တပ်ရင်း ၃၆၀၁ နှင့် ပတ်သက်မှုမရှိသည့် သေသခံများကို လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခြင်းများ ရှိနေသည်ဟု PPDF ထံကသိရသည်။

“ကြို့ပင်သာအုပ်ချုပ်ရေးမှုးကို ရှင်းတဲ့ ကိစ္စနဲ့မဆိုင်တဲ့ ပြည်သူ ၈ ဦးထက်မနည်းဖမ်းဆီးခံထားရပါတယ်။ PDF ကလုပ်ပါတယ်တရားဝင်ထုတ်ပြန်ထားတာတောင် ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နေတာပါ။သတင်းကြားရတာ ဖမ်းဆီးခံရသူအချို့ဆို အနှိပ်စက်ခံထားကလို့မျှော့မျှော့ပဲ ကျန်တော့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူတွေကလဲ PPDF နဲ့ ပတ်သတ်ဆက်နွယ်ခြင်းမရှိပါဘူး။”ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒါ့ပြင် မေလ ၁၈ ရက်နေ့တွင်လည်း စစ်ဆင်ရေးပြုလုပ်ခဲ့သည့် အနီးဝန်းကျင်မှ ကွမ်းယာရောင်းသော မင်းမင်း(ခေါ်)ဘိုမင်းကို PPDF နှင့်ပတ် သက် ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး ၎င်း၏ ရုပ်အလောင်းကို လာရောက်ထုတ်ယူခိုင်းကြောင်း သိရှိရသည်။

ပေါင်းတည်မြို့နယ်၊ ဖားယားကြီး အုပ်ချုပ်ရေးမှုး ဦးဆောင်းတင်ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် PPDF (တပ်ရင်း ၃၆၀၁) မှ ရှင်းလင်းခဲ့သည်ဟု တရားဝင် ထပ်မံ ကြေညာထားသော်လည်း လုံးဝမသက်ဆိုင်သည့် ဒေခံတွေကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း PPDF ထံကသိရသည်။
#AyeyarwaddyTimes