ဧရာဝတီတိုင်းမ်
(ဟားခါး)၊ နိုဝင်ဘာလ ၇ ရက်

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားရှိ သီးမြစ်ချောင်းတဝိုက်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ယခင်ရက်တွေက ဟားခါးမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ လာရောက်ကင်းထောက်တာတွေရှိတယ်။ ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ ဟားခါး-ထန်တလန်ကြားမှာရှိတဲ့ သီးမြစ်ဘက်မှာ တိုက်လေယာဥ် ၂ စီးနဲ့ ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ဗုံးကြဲသံကတော့ မြို့ထဲကနေ ကြားနေရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သီးမြစ်ချောင်းအနီးတွင် ယခင်လက CNA၊ ဒေသကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိသည်။

ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။
#ဟားခါးမြို့ #သီးမြစ်ချောင်း #တိုက်လေယာဥ် #ဗုံးကြဲတိုက်ခိုက်
#Ayeyarwaddy_Times