ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်တွင် ဆောမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ကျောက်ထု PDF (YRPA)နှင် ချိတ်ဆက်ပြီး နိုဝင်ဘာလ ၂ ရက်နေ့၌ လက်နက်နှင့်အတူ CDM ပြုလုပ်ခိုလှုံလာကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါရဲတပ်သားမှာ G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည်အတောင့် ၅၃ တောင့်နှင့်အတူ ကျောက်ထု PDF (YRPA)ထံ CDM ပြုလုပ်လာကြောင်းသိရသည်။
ယခုကဲ့သို့ လက်နက်နှင့် CDM ပြုလုပ်လာသောကြောင့် ကျောက်ထု PDF(YRPA)မှ ဆုကြေးငွေ ကျပ်သိန်း ၄၀ တိတိအား ချီးမြှင့်၍ ကျောက်ထု PDF (YRPA) မှတာဝန်ယူကာ လွတ်မြောက်နယ်မြေသို့ဘေးကင်းလုံခြုံစွာဖြင့် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က လက်နက်နှင့်အတူ CDM ပြုလုပ်လာလျှင် ချီးမြှင့်ငွေ ကျပ်သိန်း ၈၀ အဖြစ် ကြေငြာထားသော်လည်း ယခုအခါ တော်လှန်ရေးအား အရှိန်အဟုန် မြှင့်တင်၍ လုပ်ဆောင်နေသော အချိန်ကာလဖြစ်သောကြောင့် ချီးမြှင့်ငွေအားလက်နက်အမျိုးအစားအပေါ် မူတည်၍ ပြောင်းလဲသတ်မှတ် သွားမည် ဖြစ်ကြောင်း ကျောက်ထု PDF (YRPA) မှ အသိပေးထုတ်ပြန်ထားသည်။
#ဆော #ရဲစခန်း #ရဲတပ်သား #ကျောက်ထုPDF #YRPA #CDM
#Ayeyarwaddy_Times