ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်

တန်ဇန်နီးယားနိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ဘူကိုဘာမြို့တွင် ဆင်းသက်ရန်ကြိုးပမ်းစဉ် ဝိတို ရိယာကန်အတွင်း ပျက်ကျခဲ့ရာ လူ ၁၉ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တင်လေယာဉ်ပေါ်မှာ လူ ၄၃ ဉီး ပါရှိခဲ့ရာ ၂၄ ဉီး အသက်ရှင်ခဲ့တယ်လို့ လေကြောင်းကုမ္ပဏီ Precision Air က ပြောပါတယ်။ လေယာဉ်မှူးနှစ်ဉီးက ကနဉီးတွင် အသက်ဘေးမှလွတ်မြောက်ခဲ့ပေမယ့် နောက် ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဘူကိုဘာလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းအဆုံးမှာရှိတဲ့ ကမ်းခြေအနီးမှာ ခရီးသည်တင်လေယာဉ် ပျက် ကျခဲ့တာဖြစ်ပြီး လေယာဉ်အတွင်းရှိ အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ခဲ့နိုင်ပါတယ်။

ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျ ခဲ့တာဖြစ်ပါတယ်။ အရေးပေါ်လုပ်သားတွေက ပျက်ကျခဲ့တဲ့ အဲဒီ ATR-42 လေယာဉ်ကို ကမ်းခြေသို့ဆွဲထုတ်ဖို့ ကြိုးတွေ အသုံးပြုခဲ့ရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်တွေကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါခရီးသည်တွေက ဒဏ်ရာ အပြင်းအထန် မရရှိဘူးလို့ တန်ဇန်နီးယားဝန်ကြီးချုပ် ကာဆင်းမာဂျာလီဝါက ပြောပါတယ်။

အစောပိုင်းမှာ ကာဆင်းမာဂျာလီဝါက အခင်းဖြစ်ရာနေရာသို့ သွားရောက်ကာ ခရီးသည်တင်လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

တန်ဇန်နီးယားသမ္မတ ဆူလူဟူဟတ်ဆန်ကလည်း သေဆုံးသူတွေအတွက် ဝမ်းနည်းစကားပြောကြားခဲ့ ပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် စိတ်တည်ငြိမ်ဖို့ ပြောကြားလိုက်ပါတယ်။

၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ပြီး ပြည်တွင်း/ပြည်ပခရီးစဉ်တွေ ပျံသန်းနေတဲ့ Precision Air ဟာ ကင်ညာလေကြောင်းလိုင်းက တစ်စိတ်တစ်ဒေသပိုင်ဆိုင်တဲ့ တန်ဇန်နီးယားနိုင်ငံရဲ့ အကြီးမားဆုံး ပုဂ္ဂလိက လေ ကြောင်းလိုင်းဖြစ်ပါတယ်။

ကိုးကား – BBC
Ref; Tanzanian Precision Air plane crashes into Lake Victoria