ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ နိုဝင်ဘာလ ၂ ရက်နေ့က သစ်တောဝန်ထမ်း ၁ ဦး ဆိုင်ကယ်လုယက် ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ သစ်တောဝန်ထမ်း ၁ ဦးဟာ ညပိုင်း ဘိုကလေးတံတားပေါ်က ဖြတ်ပြန်ချိန်မှာ ဆိုင်ကယ်နဲ့ ဖုန်း ဓါးထောက်လုယက်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ လဆန်းပိုင်းကဖြစ်တာ ညပိုင်းပြန်တဲ့အချိန်မှာ ဓါးထောက်လုယက်ခံရတယ်လို့ ကြားတယ် ည ၈ နာရီလောက်ဖြစ်တယ်လို့ကြားတယ် မြို့နဲ့ဝေးတော့ သူများပြောတာ ပြန်ကြားရတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ည ၈ နာရီလောက် ဘိုကလေးတံတားပေါ်ဖြတ်သန်းမောင်းနှင်လာတဲ့ သစ်တောဝန်ထမ်းရဲ့ ထိုင်းနိုင်ငံ ထုတ်ဆိုက်ကယ်နဲ့ တရုတ်နိုင်ငံထုတ်ဖုန်းတို့ကို အမည်မသိ အမျိုးသား ၂ ဦးက ဓါးထောက်လုယက်သွား တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
သစ်တောဝန်ထမ်းဆီက ဆိုက်ကယ်နဲ့ဖုန်းလုယက်သွားတဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ခုချိန်ထိ ဖမ်းမမိသေးဘူးလို့ သိရပါတယ်။
#ဘိုကလေး #သစ်တောဝန်ထမ်း #ဆိုင်ကယ် #အလုခံရ
#Ayeyarwaddy_Times