ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
လာမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ်အတွင်း အာဆီယံနိုင်ငံတွေရဲ့ တရုတ်နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှု၊ စစ်တပ်အုပ်ချုပ်တဲ့မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာမှုနဲ့ တရုတ်-အ မေရိကန် တင်းမာမှုတွေက အဓိက ဆွေးနွေးမယ့်အကြောင်းအရာတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ မကြာမီ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်တို့လို ကမ္ဘာ့ခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ မျှော်မှန်းရပါတယ်။
နိုဝင်ဘာလ ၁၀ ရက်မှာ စတင်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ် က အာဏာသိမ်းပြီးနောက် ကစဉ့်ကလျားအခြေအနေဖြစ်နေတဲ့ မြန်မာ့အရေးက ဆွေးနွေးမယ့် ထိပ်တန်းခေါင်း စဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
“ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စိတ်ရှည်သည်းခံမှု မရှိတော့ဘူးလို့ ခံစားရတယ်” လို့ နန်ယန်း နည်းပညာတက္ကသိုလ် နိုင်ငံခြားမူဝါဒဌာန လက်ထောက်ပါမောက္ခ ဒိုင်လန်လိုက ပြောပါတယ်။
အာဆီယံက ဝန်ကြီးအဆင့် အစည်းအဝေးတွေသာမက ဒေသတွင်းအစည်းအဝေးတွေအားလုံးမှာ အာ ဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူတွေ တက်ရောက်တာကို ပိတ်ပင်တာမျိုး မြန်မာစစ်တပ်အာဏာပိုင်တွေအပေါ် လက်တွေ့ကျတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်နိုင်တယ်လို့ သူက ဆိုပါတယ်။
မြန်မာကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်ပစ်တာမျိုးအထိပြုလုပ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် အဖွဲ့အစည်းတွေက မကြာသေးမီလတွေအတွင်း တောင်းဆိုမှုတွေ များပြားလာခဲ့ပါတယ်။
ဒေသတွင်းအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ် စားလှယ်တွေကို တက်ရောက်ခွင့်ပိတ်ပင်တာ ဖြစ်နိုင် ပေမယ့် အာဆီယံက တိုက်ခိုက်မှုတွေရပ်တန့်ပြီး ဆွေးနွေးမှုစတင်ဖို့ အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအားပေး နိုင်တဲ့ အခြေအနေမရှိဘူးလို့ စင်ကာပူအမျိုးသားတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ ချောင်ဂျာဂျန်က ပြောပါတယ်။
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။
ကိုးကား – South China Morning Post
Ref; Myanmar to top Asean summit agenda as G20 and Apec draw big powers to region