ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စစ်ရေးအစီအမံတွေနဲ့ ပြတ်ပြတ်သား သား လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြ လိုက်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားက အကြီးမားဆုံးသော လေကြောင်းလေ့ကျင့်မှုတွေ ပြီးဆုံးပြီးနောက် ရက်အနည်းငယ်အကြာ ပြီးခဲ့တဲ့စနေနေ့မှာ ပဲ့ထိန်းဒုံးကျည်လေးစင်း အပါအဝင် မြောက်ကိုရီးယားနိုင်ငံက ဒုံး ကျည်စမ်းသပ်မှုတွေ ပြုလုပ်နေစဉ် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
ရန်သူရဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုတွေကို စစ်ရေးအစီအမံတွေနဲ့ လက်တုံ့ပြန် မယ်လို့ မြောက်ကိုရီးယားစစ်တပ် စစ်ဉီးစီးချုပ်ရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ မကြာသေးမီက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက် ရှင်းလင်းသော အဖြေတစ်ခုဖြစ်တယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“ရန်သူတွေက စစ်ရေးအရ ရန်စမှုတွေ ပြုလုပ်လေလေ မြောက်ကိုရီးယားစစ်တပ်က စစ်ရေးအစီအမံတွေ တန်ပြန်လုပ်ဆောင်လေ” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ပူးတွဲလေကြောင်းလေ့ကျင့်မှုက မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေကို ခိုင်မာစွာ လက်တံ့ပြန်နိုင်မယ့် စွမ်းဆောင်ရည်နဲ့ အသင့်ဖြစ်မှုကို ပြသခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်များရုံးက ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အလားတူလေ့ကျင့်မှုမျိုးတွေကို ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ ကျင့်မှုအဖြစ် ရှုမြင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံက အပြင်းအထန် ကန့်ကွက်လေ့ရှိခဲ့ပါတယ်။
မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း တောင်ကိုရီးယား ရေပိုင်နက်အနီး ကျရောက်ခဲ့ရာ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုက ပိုင်နက်ချိုးဖောက်မှုတစ်ခုအဖြစ် ပြော ကြားခဲ့ပါတယ်။
ကိုးကား – TRT World
Ref; North Korea threatens ‘resolute’ military response to US-led drills