ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
မြောက်ကိုရီးယားနိုင်ငံက သတ္တမမြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ပါက အမေရိကန်နိုင်ငံက အင် အားပြသမှုအနေနဲ့ အရှေ့ပင်လယ်သို့ လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ကျိုဒိုသတင်း ဌာနက ဖော်ပြပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ ဆုံးဖြတ်ချက်ချမှတ်မှာဖြစ်ပြီး အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေးမဟာဗျူဟာရဲ့ အရေးပါသော တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားတယ်လို့ သတင်း အရင်းအမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံသို့ ရေနံစိမ်းနဲ့ ရေနံထုတ်ကုန်တွေ တင်ပို့မှုကို ပိတ်ပင်ပြီး ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန်နိုင်ငံက လုပ်ဆောင်ဖွယ်ရှိတယ် လို့ သတင်းက ဖော်ပြပါတယ်။
ရုရှားနဲ့တရုတ်ရဲ့ ကန့်ကွက်မှုတွေကြောင့် မေလအတွင်း အလားတူ ဆုံးဖြတ်ချက်တစ်ရပ် အတည်မပြု နိုင်ခဲ့ပေမယ့် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ် မယ့်အစီအစဉ်ကြေညာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေကို လက်တုံ့ပြန်နိုင်မယ့် နည်းလမ်းတွေဆွေးနွေးဖို့ ဒီလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင်သုံးဉီး တွေ့ဆုံနိုင်ဖို့ အဲဒီသုံးနိုင်ငံက စီစဉ် နေပါတယ်။
ကိုးကား – KBS World
Ref; US to Deploy Aircraft Carrier to East Sea if N. Korea Conducts Nuke Test