ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

ဧရာ၀တီတိုင်း၊ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲရွာက ရာအိမ်မှူး မြင့်ဇော်(ခ)ရူပ်ထွေးဆိုသူ နို၀င်ဘာ(၃)ရက်နေ့ ည ၈ နာရီကျော်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဒေသခံရွာသား ၁၅ ဦးနီးပါးကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

“အဲ့ရာအိမ်မှူး သေနတ်နဲ့ပစ်ခတ်ခံရခြင်း ညကပဲ ရွာမှာပိတ်ဆို့ပြီး ဖမ်းတာ၁၀ဦး
လောက်ရှိတယ် နောက်နေ့မနက်ကြတော့ရွာက NLDပါတီ၀င်၃ဦးနဲ့ ရွာခံတစ်ချို့ကိုထပ်ဖမ်းသွားတယ်စစ်ဆေးပြီးအပြစ်မရှိရင်ပြန်လွှတ်မယ်လို့ပြောပေ့မယ် ဒီနေ့ထိတော့ပြန်မလွှတ်သေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူအများစုဟာ နိုင်ငံရေးနဲ့ပတ်သတ်မှုမရှိတဲ့ သာမာန်ရွာသားတွေသာဖြစ်ကြပြီး အရင်က သေနတ်ပစ်ခံရတဲ့ ရာအိမ်မှူးရဲ့စွပ်စွဲခြိမ်းခြောက်ငွေညှစ်ဘူးတဲ့ ဒေသခံလူငယ်အချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှူကို ဘိုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီးရာအိမ်မှူးဆိုသူဟာ စစ်ကောင်စီတပ်များကို နေအိမ်သို့ခေါ်ကာထမင်းကျွေးခြင်း၊ သတင်းပေးခြင်းများကို ပြုလုပ်နေပြီးစစ်တပ်နဲ့ပေါင်းကာကျေးရွာအတွင်းမတရားဖမ်းဆီးခံရသူများကိုငွေညှစ်ခြင်းများပြုလုပ်နေတာကြောင့် ပစ်ခတ်ခဲ့ရတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ရာအိမ်မှူး မြင့်ဇော်(ခ)ရူပ်ထွေးဟာနေအိမ်မှာရှိနေချိန်ပစ်ခတ်ခံရတာဖြစ်ပြီးသေနတ်ဒဏ်ရာ ၅ချက်တိတိထိမှန်ထားပေမယ့်သေဆုံးမှုမရှိပဲ ဘိုကလေးမြို့ဆေးရုံမှာ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

#ဘိုကလေး #ရာအိမ်မှူး #ပစ်ခတ် #ဒေသခံ #ဖမ်းဆီး
#Ayeyarwaddy_Times