ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာ ၆ ရက်
ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၏ အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၄)ကို (CNDF)ဌာနချုပ်တွင် နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း CNDFက ယမန်နေ့တွင် မှတ်တမ်းဓာတ်ပုံနှင့်အတူ ထုတ်ပြန်ခဲ့သည်။
(CNDF)အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၄)ကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အထူးကွန်မန်ဒိုအဖြစ် တာဝန်ထမ်းဆောင်ရန် သင်တန်းသားစုစုပေါင်း ၁၆ ဦးက သစ္စာဆိုခဲ့ကြောင်းသိရသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၏ အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)ကို ယခင်၊ စက်တင်ဘာလတွင် အထူးကွန်မန်ဒိုသင်တန်းသားစုစုပေါင်း ၄၅ ဦးဖြင့် အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပြီဖြစ်ကြောင်း CNDF၏ ထုတ်ပြန်ချက်အရသိရသည်။
Photo-CNDF
#Ayeyarwaddy_Times