ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားနိုင်ငံသို့ မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ခဲ့တယ်လို့ အီရန်နိုင်ငံက ပထမဆုံးအကြိမ် ဝန်ခံလိုက်တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲ မစတင်မီ လအနည်းငယ်အလိုတွင် အီရန်က ရုရှားသို့ ဒရုန်းတွေ အကန့်အသတ်နဲ့ ပေးပို့ ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟော်စိန်အမီအဒိုလာဟီရန်က တီဟီရန်မြို့တော်မှာ မနေ့က သတင်းထောက်တွေ ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံတစ်ဝန်း တိုက်ခိုက်မှုတွေလုပ်ဆောင်ရာမှာ အီရန်လုပ်ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက အီရန်ကို ဝေဖန်ခဲ့ပါတယ်။

အီရန်က ရုရှားသို့ ဒရုန်းတွေ ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အမေရိကန်နဲ့ ဉရောပသမဂ္ဂက အီ ရန်နိုင်ငံကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူကရိန်းမှာ အသုံးပြုဖို့ ရုရှားသို့ ဒရုန်းတွေ ထောက်ပံ့ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အီရန်နိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အဒိုလာဟီရန်ရဲ့ မှတ်ချက်စကားက အီရန်နိုင်ငံရဲ့စကားနဲ့ လုံးဝ ကွဲလွဲနေပါတယ်။ ယူကရိန်းမှာ ရုရှားက အီရန်ဒရုန်းတွေ အသုံးပြုခဲ့တယ်ဆိုတဲ့ အထောက်အထားရှိရင် အီရန်သို့ ပေးသင့်တယ်လို့ အဒိုလာဟီရန်က ပြောပါတယ်။

ရုရှားသို့ ဒရုန်းတွေ ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အီရန်နိုင်ငံအပေါ် နိုင်ငံတကာရဲ့ဖိ အားတွေ တိုးမြှင့်လျက်ရှိပါတယ်။ စွပ်စွဲချက်တွေအပေါ် အီရန်အစိုးရရဲ့တုံ့ပြန်မှုကို အီရန်သံတမန်ဟောင်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ဝေဖန်လိုက်ပါတယ်။

ယူကရိန်းရှိ စစ်ဘက်နဲ့အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ရာမှာ ရုရှားတပ်ဖွဲ့တွေက ပ ထမအသုတ် အီရန်ဒရုန်း ၃၀၀ ကို အသုံးပြုခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆေးရီနီကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

အီရန်နိုင်ငံက ရုရှားသို့ မကြာမီ နောက်ထပ် ဒရုန်းအစင်းရေ ၁၅၀၀ မှ ၂၄၀၀ အထိ ပေးပို့ဖို့ စီစဉ်နေတယ် လို့လည်း သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Iran acknowledges provision of drones to Russia