ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေကို အုပ်ချုပ်ရေးမှူးအဖြစ်ပြောင်းလည်း ခန့်အပ်နေတယ်လို့ သိရပါတယ်။
ကျောင်းစုကျေးရွာအုပ်စုနဲ့ ကျုံရစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို အကြောင်းပြချက်မရှိဘဲ ရာထူးက ဖယ်ရှားကာ ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေနဲ့ အစားထိုးခန့်အပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီလမှစပြောင်းတာထင်တယ် စစ်တပ်ထောက်ခံသူတွေ ကြံ့ဖွတ်ထောက်ခံသူတွေနဲ့ ပြောင်းလိုက်တာ ခုက သူတို့လုပ်တိုင်းဖြစ်နေတာဆိုတော့ ဘာမှပြောမရဘူးလေ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အရပ်သားအစိုးရလက်ထက်က ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ပြီး ပြည်သူက မကြိုက်တဲ့ သူတွေကို ခန့်အပ်တာဟာ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုတာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ကျေးလက်ဒေသတွေမှာ စစ်ကေင်စီနဲ့ ကြံ့ခိုင်ရေးထောက်ခံသူတွေကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး အစားထိုးခန့်အပ်တာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
#ညောင်တုန်းမြို့ #အုပ်ချုပ်ရေးမှူးအစားထိုး #Ayeyarwaddy_Times