ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၃၄ ဦးတွေ့ရှိပြီး တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ ပိုးတွေ့လူနာအများဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လူနာသစ်တွေ့ရှိတဲ့မြို့နယ်တွေကတော့ ပုသိမ်မြို့၊ ငပုတောမြို့နဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ ရောဂါပိုးအများဆုံး တွေ့ရှိခဲ့တာပါ။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလည်း ရောဂါကူးစက်နိုင်တာကြောင့် ပြည်သူတွေကို သတိထားသွားလာဖို့အတွက် တိုက်တွန်းထားပါတယ်။

ကိုဗစ်ရောဂါတွေ့ရှိတဲ့နှုန်းဟာ ဒီထက်ပိုများနိုင်ပေမယ့် စစ်ကောင်စီက သတင်းမထုတ်ပြန်တာဖြစ်နိုင်သလို သေဆုံးတဲ့စာရင်းလည်း ထုတ်ပြန်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ မြို့နယ်အလိုက်မှာ ပျော်ပွဲရွှင်တွေကို လစဥ်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#ဧရာဝတီတိုင်း #ကိုဗစ်တွေ့ရှိမှု #နိုဝင်ဘာလ #Ayeyarwaddy_Times