ဧရာဝတီတ်ိုင်းမ်
နိုဝင်ဘာလ ၅ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ၇ နှစ်မိုင်၊ ရွှေ ပြည်စိုး ထားဝယ်စုရွာ နှစ်ကျိပ်ရှစ်ဆူဘုရား ပွဲတော်ကို စစ်ကောင်စီတပ်က လောင်းကစားဝိုင်းအများအပြားဖြင့် ထည့်သွင်းပြုလုပ်သဖြင့် လာရောက်ဆော့ကစားသူအများအပြားဖြင့်စည်ကားနေကြောင်း ဒေသခံတွေထံကသိရသည်။

အဆိုပါနှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကို လောင်း ကစားဝိုင်းများဖြင့် စစ်ကောင်စီလက် အောက်ခံ ရာအိမ်မှူးများက ဦးဆောင်ပြုလုပ်နေပြီး နိုဝင်ဘာလ ၂ ရက်နေ့ကစတင်ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

“နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှာ ပူဇော်ဖို့နဲ့ လူစည်အောင် စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီးလုပ်ကြတာ။ လက်ရှိမှာလည်း ရပ်ရွာတွေပတ်ပြီး အလှူခံနေကြတယ်။

လောင်းကစားဝိုင်းတွေလဲ လူတွေအများအပြားနဲ့ လုပ်နေကြတယ်။ စစ်တပ်က အကာအကွယ်ပေးထားတော့ လုပ်နေကြတာပေါ့။ လူတွေကလည်း ဘုရားပွဲချည်းဘဲဆိုအဲ့လောက်စည်မှာမဟုတ်ဘူး။ ဒီဝိုင်းတွေနဲ့ကြောင့်တနေကုန်လူမပြတ်ဘူး။ ဒါလုံးဝအမြင်မသင့်တော်တဲ့ကိစ္စတွေပါ” လို့ ကော့သောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် အဆိုပါ လောင်းကစကားဝိုင်းများကို ရပ် ကွက်အုပ်ချုပ်ရေးမှူး နှင့် စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများလည်း ပါဝင်ကာ ပြုလုပ်နေကြောင်း ဒေသခံများက​ပြောပြချက်အရသိရသည်။

ကော့သောင်းမြို့နယ်အတွင်း ကြက်ဝိုင်း၊ဂျင်ဝိုင်းများပါဝင်သည့် လောင်းကစားဝိုင်းများကို စစ်ကောင်စီတပ်က လိုင်းကြေးယူပြီး တပတ်လျှင် ၂ ရက်ခွင့်ပြုကာ လူစုလူဝေးဖြင့်လည်းအပတ်စဥ်လုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။
#Ayeyarwaddy_Times