ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
ကရင်ပြည်နယ်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေသည့် ကျိုက်ထိုအခြေစိုက် ခမရ ၂ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့တွင်ထုတ် ပြန်သည်။
အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သားမှာ စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ် သား ဟိန်းဇော်ဦး ဆိုသူဖြစ်ပြီး ၄င်းနှင့်အတူ MA (3) သေနတ် ၁ လက်၊ ၎င်းကျည်ဘောက် (၄)ခု၊ ၅.၅၆ ကပစ ကျည် (၁၀၀)တောင့် ပါရှိကြောင်းသိရသည်။
လက်နက်နှင့်အတူအလင်းဝင်ရောက်လာသည့် ခမရ ၂ စစ်ကောင်စီတပ်ဖွဲ့ဝင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သည့် ဆုငွေ ဘတ် ၅၀,၀၀၀ ၊ ကျပ်ငွေ သိန်း ၄၀ ကျော် ချီးမြင့်ခဲ့သဖြင့် ကော်ဘရာ စစ်ကြောင်းမှုး ဗိုလ်ဒါဘောမှ ကိုယ်စား ပေးအပ်ခဲဲ့ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ -ကော်ဘရာစစ်ကြောင်း။
#AyeyarwaddyTimes