ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးအချို့ဟာ မြို့နယ်စစ်ကောင်စီထံ ထွက်စာတင် နုတ်ထွက်ခွင့် တောင်းခံထားတယ်လို့ ထွေအုပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအချို့ဟာ အောက်တိုဘာလ တတိယပတ်ကစတင်ပြီး မြို့နယ်စစ်ကောင်စီထံ နုတ်ထွက်ခွင့်စာတင်ထားပေမယ့် စစ်ကောင်စီက နှုတ်ထွက်ာတွေကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။
“မတရားဖိအားပေး ထိုးကြွေးစေခိုင်းမှုနဲ့ အသတ်ခံရမှာ ကြောက်တော့ အုပ်ကြီးအချို့ နုတ်ထွက်ဖို့ စာတင်ထားကြတယ်လို့သိရတယ်။ ဒါပေမယ့် မြို့နယ်က ထွက်ခွင့်မပြုဘဲ စာတွေပယ်ချလိုက်တော့ စိတ်ညစ်ပြီး ပေါက်ကွဲနေကြတယ်။ အခုဆို အုပ်ကြီးတွေဘယ်မှလည်း ခရီးမသွားရဲကြဘူး ” လို့ ကျုံပျော်မြို့ခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ဒါ့အပြင် ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ငါသိုင်းချောင်းမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ခရီးသွားနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Ayeyarwaddy_Times