ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

မြန်မာစစ်တပ်က ပထမအသုတ် ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေးဂျက်လေယာဉ်တွေ စတင်ရရှိပြီလို့ လေ့ လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်သော အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ မြန်မာစစ်တပ်က ရု ရှားနိုင်ငံမှ Sukhoi Su-30 ဂျက်တိုက်လေယာဉ်ခြောက်စင်း ဝယ်ယူခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြ ချက်တွေအရ သိရပါတယ်။

နေပြည်တော်မှာSukhoi Su-30 ဂျက်တိုက်လေယာဉ်တစ်စင်း ရှိနေတာကို ဂြိုဟ်တုအချက်အလက်တွေနဲ့ အတွင်းသတင်းတစ်ခုက အတည်ပြုခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ရုရှားလေ့ကျင့်ရေးမှူးတွေ၊ နည်းပညာကျွမ်းကျင်သူတွေနဲ့အတူ ဘက်စုံသုံး ထိုင်ခုံနှစ်လုံးပါ Sukhoi Su-30 ဂျက်တိုက်လေယာဉ်ခြောက်စင်းအနက် လေးစင်းမှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီလို့ ဒေသန္တရမီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။

မော်စကိုရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ မှန်ကန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီအတွက် ရုရှားနိုင်ငံက အဓိက လက်နက်ထောက်ပံ့သူနဲ့ ထောက်ခံတဲ့တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။

ရုရှားနိုင်ငံလုပ် Kamov KA-29TB တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းက မြန်မာနိုင်ငံမြောက်ပိုင်း စစ် ကိုင်းတိုင်းဒေသကြီးမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို Janes ကာကွယ်ရေးစာစောင်က အောက်တိုဘာ လအတွင်း ရရှိခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ဒီနှစ်အစောပိုင်းမှာ မြန်မာစစ်တပ်ကဝယ်ယူဖို့ သဘောတူခဲ့တဲ့ ရ ဟတ်ယာဉ်ငါးစင်းအနက် တစ်စင်းဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေး အရင်းအမြစ်တွေကို ကိုးကားပြီး Janes ကာ ကွယ်ရေးစာစောင်က ဖော်ပြခဲ့ပါတယ်။

ကိုးကား – The Defense Post
Ref; Myanmar Takes Delivery of Russian Sukhoi Su-30 Jets: Monitor