ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က တံခွန်တိုင်ကျေးရွာမှာ အမျိုးသား ၁ ဦးကို လက်လုပ်သေနတ်နဲ့ မိုင်းပစ္စည်းတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီသတင်းပေးအများဆုံးပြုလုပ်နေတဲ့ မှုခင်းသတင်းထောက်တွေကနေတဆင့် တံခွန်တိုင် ကျေးရွာမှာနေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် ကိုအောင်ဇော်မင်းကို လက်လုပ်သေနတ်နဲ့အတူ ကီးပတ်ဖုန်းတွေ သိမ်းဆည်းမိခဲ့တာလို့ သတင်းဖြန့်ဝေတာတွေပြုလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
“ ခုက အခြားတစ်ခုခုကြောင့် စွပ်စွဲဖမ်းဆီးမိရင်တောင် ပိုင်ရှင်မဲ့သိမ်းထားတဲ့ လက်လုပ်သေနတ်တို့ မိုင်းနဲ့အခြားပစ္စည်းတွေရှေ့ထား ဓါတ်ပုံအရိုက်ခံရတာ ဘာမှမသိလိုက်ရဘူး ပြီးမှသူတို့တပ်ချင်တဲ့ ပုဒ်မ တပ်တာပဲ”လို့ ရဲဝန်ထမ်းဟောင်း တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းကာစအစောပိုင်းကာလတွေမှာ ဆန္ဒပြလို့ဖမ်းမိတဲ့သူတွေကို လက် လုပ်သေနတ်တွေနဲ့ ဓါတ်ပုံရိုက်ပြီး ဝါဒဖြန့်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြတာတွေလည်း ပြုလုပ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေစွပ်စွဲဖမ်းဆီးခဲ့တဲ့ တံခွန်တိုင်ကျေးရွာက ကိုအောင်ဇော်မင်းကို ဟင်္သာမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
#AyeyarwaddyTimes