ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်နဲ့ ပန်းတနော်မြို့နယ်ဆက်သွယ်ထားသည့် အဝေးပြေးကားလမ်းမပေါ် စပါးလှမ်းတဲ့ ဒေသခံတွေကြောင့် ခရီးသွားယာဉ်မောင်းအချို့ လမ်းသွားလမ်းလာအခက်ကြုံနေရကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်းရှိ အိမ်မဲ – ပန်းတနော် ကာလမ်းမကွန်ဂရစ်လမ်းပိုင်းပေါ်တွင် ကားလမ်းမတစ်ဝက်အထိ ပိတ်ဆို့ကာ စပါးလှန်းသောကြောင့် ဆိုင်ကယ်များနှင့် အနှေးယာဥ်များ အခက်အခဲများရှိနေပြီး ယာဥ်မတော်တဆမှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေကြောင်း ဒေသခံတဦးကပြောသည်။

“သူတို့က ကိုယ်ပိုင်လမ်းလိုလုပ်နေကြတာ။ ဘယ်သူသေသေ ဂရုမစိုက်ဘူးဆိုတဲ့သဘော။ ကားတွေက စပါးလှန်းထားတဲ့အပေါ်ြတ်မမောင်းကြဘူး၊ ဒီတော့ ဆိုင်ကယ်အတွက်လမ်းကျဥ်းပြီး ဘေးထိုးကျတာတွေ ငြိတာတွေတောင်ရှိပါတယ်”ဟု အိမ်မဲမြို့နယ်မှ ကယ်ရီမောင်းနှင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိမ်မဲမြို့နယ် လက်ပံကုန်းကျေးရွာအနီးရှိ ငါးကန်းများအရှေ့ရှိ မြို့ချင်းဆက်လမ်းပေါ်တွင် စပါးများကို လက်မဝက်ခန့်အထိ အထူထားပြီဖြန့်လှန်းထားသောကြောင့် ယာဥ်ကြီးများရှောင်တိမ်းမောင်းနေရကာ လမ်းအပြည့် မောင်းခြင်းမပြု့နိုင်ပဲအနီးကပ်ရှောင်တိမ်းနေရသဖြင့် ဆိုင်ကယ်များမောင်းနှင်ရာတွင် အခက်များရှိနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

လမ်းမပေါ်တွင်ပိတ်ဆို့ပြီး စပါးလှန်နေသည့်နေရာမှာ အိမ်မဲပန်းတနော် ကားလမ်းမပေါ် မိုင်တိုင် အမှတ် ၂/၂ အနီး ဦးအုန်းဖူး ရိုးတံတာအနီးတွင်ဖြစ်ကာ ည ၈ နာရီအထိလုပ်ဆောင်လျက်ရှိပြီး စပါးသိမ်းကားများကို လမ်းမပေါ်ကန့်လန့်ဖြတ်ပိတ်ဆို့လုပ်ဆောင်မှုများရှိနေ ကြောင်းသိရသည်။
#AyeyarwaddyTimes