ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

ဧရာ၀တီတိုင်း၊ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲရွာက ရာအိမ်မှုး မြင့်ဇော် (ခ) ရူပ်ထွေးဆိုသူ နို၀င်ဘာ(၃)ရက် မနေ့ ည ၈ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

ရာအိမ်မှူး မြင့်ဇော်(ခ)ရူပ်ထွေးဟာ
သေနတ်ဒဏ်ရာ ၅ ချက်တိတိ ထိမှန်ထားပြီး စစ်ကောင်စီတပ်သားများက ဘိုကလေးမြို့ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ခုချိန်ထိသေသည်ရှင်သည်ကို အတည်ပြုလို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သူက အရင်က ကြံခိုင်ရေးရွာခေါင်းဆောင် မရမ်းကွဲမှာ ခုနောက်ပိုင်း သူကရာအိမ်မှူးဖြစ်နေတာ။ စစ်တပ်နဲ့ရဲလာရင်သူ့အိမ်မှာပဲ သောက်စား စခန်းချအကုန် သူကစီစဥ်ပေးတာ။ တစ်ခုခုဆိုစစ်တပ်ကိုခေါ်လိုက် ရဲကိုခေါ်လိုက်နဲ့ သူ့သတင်းပေးလို့ ဖမ်းခံရတဲ့လူတွေလဲရွာမှာရှိတယ်။ ညကတော့ အပစ်ခံလိုက်ရတာသေမလားရှင်မလားမသိဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်မှုကို ဘိုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူးဆိုသူဟာ စစ်ကောင်စီတပ်များကို နေအိမ်သို့ခေါ်ကာ ထမင်းကျွေးခြင်း၊ သတင်းပေးခြင်းများကို ပြုလုပ်နေပြီးစစ်တပ်နဲ့ပေါင်းကာကျေးရွာအတွင်းမတရားဖမ်းဆီးခံရသူများကိုငွေညှစ်ခြင်းများပြုလုပ်နေသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရာအိမ်မှူး မြင့်ဇော်(ခ)ရူပ်ထွေးကိုပစ်ခတ်ခံရပြီးနာရီပိုင်းအတွင်းမှာ စစ်ကောင်စီတပ်များနဲ့ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး ကျေးရွာအ၀င်အထွက်လမ်းတွေကိုပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ဒေသခံရွာသား ၁၀ ဦးထက်မနည်းစွပ်စွဲဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက​ ပြောပါတယ်။

#ဘိုကလေး #မရမ်းကွဲ #ရာအိမ်မှူး #ပစ်ခတ်ခံရ
#Ayeyarwaddy_Times