အောင်မြသန်း /ဧရာဝတီတိုင်းမ်
(ဧရာဝတီ) ၊ နိုဝင်ဘာ ၄ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲကို ဖိအားပေးပြုလုပ်ခိုင်းထားပြီး ပြည်သူတွေအနေနဲ့ မပါဝင်ဖို့နဲ့ သတိထားဖို့အတွက် တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံလိုက်ပါတယ်။

မြို့နယ်အချို့မှာ စစ်ကောင်စီက ဖိအားပေးပြီး တန်ဆောင်တိုင်ဘုရားပွဲများကို စီကားသိုက်မြိုက်စွာ ကျင်းပခိုင်းနေပြီး ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေ PDF တပ်ဖွဲ့ဝင်တွေလုပ်တယ်ဆိုကာ ပြည်သူတွေအထင်မှားအမြင်မှား ဖြစ်အောင်လုပ်နိုင်တာကြောင့် ပြည်သူများအနေနဲ့ သတိထားသွားလာဖို့အတွက် မေတ္တာရပ်ခံရတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ စကစက ကျွန်တော်တို့ တော်လှန်ရေး လုပ်ဆောင်နေကြတဲ့တပ်ဖွဲ့ဝင်တွေကို အထင်မှားစေရန် လုပ်ဆောင်နိုင်တာဖြစ်ပြီး ပွဲလမ်းသဘင်တွေကို စည်ကားအောင် လုပ်ခိုင်းပြီး ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မြို့ပြပြောက်ကျား အဖွဲ့တွေက လုပ်တဲ့ပုံစံမျိုး သတင်းလိမ် ပြီးထုတ်ဖို့ကြံစည်နေတာ ပြည်သူများအနေနဲ့ စစ်ကောင်စီက ဖိအားပေးကျင်းပတဲ့ပျော်ပွဲ ရွှင်ပွဲ တွေမှာမပါဝင်ကြဖို့ မေတ္တာ ရပ်ခံချင်တယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဦးဆောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အလားတူ ပြင်ဦးလွင်မြို့မှာလည်း တန်ဆောင်တိုင်မီးပုံးပျံပွဲကို စစ်ကောင်စီက အတုအယောင် ပြုလုပ်ပြီး ပြည်သူများစည်ကားတဲ့အချိန် စစ်ကောင်စီက ဗုံးခွဲတိုက်ခိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ လုပ်သလို လိမ်လည်သတင်းထုတ်ပြန် နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သွားရောက်ပျော်ပါးခြင်းမပြုလုပ်ပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Ayeyarwaddy_Times