ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်
ကရင်အမျိုးသားအစည်းအရုံး – KNU၏ တပ်မဟာ(၂)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်း နယ်မြေခံသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
” သူတို့အဖွဲ့ မစ်ရှင်သွားလုပ်ရင်း ပြန်ဆုတ်ချိန်မှာ စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးထိပြီး ကျတာလို့ သိရတယ်။ သူက ပုသိမ်မြို့ကပဲ။ သူ့ကို ကိုဘဂျမ်းလို့ ပုသိမ်ကလူတွေက သိကြတယ်” ဟု ပုသိမ်မြို့ခံ PDF အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျဆုံး PDF ရဲဘော်မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းအား “ကိုဘဂျမ်း” ဟု လူသိများကြောင်း ပုသိမ်မြို့ခံအချို့က ဆိုသည်။
ကျဆုံးရဲဘော် ကိုဘဂျမ်း၏ ရုပ်အလောင်းအား ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့က လွတ်မြောက်နေမြေတစ်နေရာ၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းမ်သတင်းဌာန၏ စာရင်းများအရ ကရင်ပြည်နယ်တိုက်ပွဲများအတွင်း ကျဆုံးသွားသည့် ဧရာဝတီတိုင်းသား PDF အဖွဲ့ဝင် ၁၀ ဦးထက်မနည်း ရှိနေကြောင်း သိရသည်။
#KNU #တပ်မဟာ(၂) #စစ်ကောင်စီ #လက်နက်ကြီး #ကျဆုံး
#Ayeyarwaddy_Times