ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

မြန်မာနိုင်ငံရှိ ဘဏ်တွေနဲ့ဆက်ဆံမှုကို ပြန်လည်သုံးသပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက ANZ ဘဏ်ကို တောင်းဆိုလျက်ပြီး စစ်ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ သြစတြေးလျအစိုးရ ဖိအားပေးခံနေရတယ်လို့ သိရပါ တယ်။

သြစတြေးလျအစိုးရက မြန်မာစစ်ကောင်စီကို အရေးယူဖို့ Myanmar Campaign Network မှ တက်စ် နင်းရော့က တောင်းဆိုလိုက်ပါတယ်။ “ပြင်းထန်သော ထုတ်ပြန်ချက်တွေက မြန်မာပြည်သူတွေရဲ့အသက်ကို မ ကယ်တင်နိုင်ပါဘူး။ ဒဏ်ခတ်အရေးယူမှုတွေကသာ မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ တင့်ကားနဲ့ လေယာဉ်ဆီ မထုတ်လုပ်နိုင်တာကြောင့် မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာ စစ်လက်နက်ဝယ်ယူဖို့ နိုင်ငံခြားဝင်ငွေကို မှီခိုနေရတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေရပေါက်တွေကို ဖြတ်တောက်ရမယ်လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေက တိုင်းရင်းသားအုပ်စုတွေအပေါ် ဆယ်စုနှစ်ချီ တိုက်ခိုက်မှု အရှိန် မြှင့်လာမှုတစ်ခုဖြစ်တယ်လို့ Karen peace Support Network မှ နော်ဝါခူရှီးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ပိုင် အင်းဝဘဏ်နှင့် ANZ ဘဏ်ကြား ငွေကြေးလွှဲပြောင်းတာ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တယ်လို့ သတင်းထောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Distributed Denial of Secrets က ပေါက်ကြားလာတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ANZ အာဏာပိုင်တွေအနေနဲ့ မြန်မာစစ်ကောင်စီ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်စပ်တဲ့ ဘဏ် လုပ်ငန်းစဉ်တွေကို အလေးအနက်ထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စား လှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောပါတယ်။

ကိုးကား – ABC News
Ref; Australia under pressure to sanction Myanmar military after Amnesty International report and leaked ANZ Bank transactions