ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့က ဘုန်ကြီးကျောင်းမှာ စတိတ်ရှိုးပွဲပြုလုပ်နေ ချိန် စစ်ကောင်စီတပ်သားရောက်လာပြီး သေနတ်ဖောက်ပစ်ခဲ့တာကြောင့် ရှိုးပွဲပျက်ခဲ့ရတယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့ထဲက ဘုန်းကြီးကျောင်းထဲမှာ ဘုရားပွဲအဖြစ်နဲ့ စတိတ်ရှိုးပွဲလုပ်နေချိန်မှာ စစ်ကောင်စီ တပ်သားတွေရောက်လာပြီး အဲ့အထဲက တစ်ယောက်က သေနတ်မိုးပေါ်ထောင်ဖောက်ခဲ့တာကြောင့် ပွဲပျက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဘုရားပွဲသဘောမျိုးလုပ်နေတာ အဲ့အချိန် စစ်ကောင်စီတပ်သားတွေရောက်လာတာ ပြောတယ် အဲ့အထဲက တစ်ယောက်က မိုးပေါ်ထောင်ပြီး သေနတ်ဖောက်တော့ ဒေသခံတွေ ထွက်ပြေးရတာပေါ့ ပွဲပျက်သွားတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဘုန်းကြီးကျောင်းကို ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေဟာ အကုန်မူးနေပြီး အချင်းချင်းစကားများရာကနေ မိုးပေါ်ထောင်သေနတ်ဖောက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက ဆိုင်ကယ်ဖမ်းဆီးလို့ ရတဲ့ငွေတွေနဲ့ ညစဉ်ဆိုသလို ကင်းမထွက်ခင် သောက်စားလေ့ရှိပြီး စိတ်မထင်ရင် မထင်သလို သေနတ်ဖောက်လေ့ရှိတယ်လို့ ဒေသခံ တွေက ပြောဆိုပါတယ်။
#ငါးသိုင်းချောင်း #စစ်ကောင်စီ #ဘုန်းကြီးကျောင်း #စတိတ်ရှိုး
#Ayeyarwaddy_Times