အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မုံရွာ) ၊ နိုဝင်ဘာလ ၄ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေက နဂါးတွင်းရွာကို ညနေပိုင်းက အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်စီးသွားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
မုံရွာမြို့အနောက်မြောက်ပိုင်တိုင်းထဲက ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေက တောပုရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး နဂါးတွင်းရွာကို ညနေ ၆ နာရီမထိုးခင်လောက်မှာ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်စီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က ကျေးရွာတွေကိုပတ်ပြီးကင်းလှည့်နေတာ သူတို့နဲ့အစဥ်မပြေတဲ့ရွာတွေဆိုရင် PDF ရှိလား PDF တွေနဲ့ ပတ်သတ်နေတယ်ဆိုပြီး အကြောင်းပြ မီးဝင်ရှို့တာပဲ သေနက်တွေပါ ပစ်ခက်နေလို့ အိမ်ဘယ်နှစ်အိမ်အရှို့ခံရတယ် ဘယ်သူတွေကိုဖမ်းဆီးသွားလည်းဆိုတာတော့ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီမှ အင်အားသုံးပြီး ကျေးရွာတွေကို ဝင်ရောက်စီးနင်း တာတွေ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေပြီး ဒေသခံတော်လှန်ရေးအင်အားစုများနဲ့ မကြာခဏထိတွေ့တိုက်ပွဲများဖြစ်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
#မုံရွာ #နဂါးတွင်း #မီးရှို့ဖျက်ဆီး
#Ayeyarwaddy_Times