ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

အာဆီယံနဲ့ သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာ မြန်မာစစ် တပ်မှာ တာဝန်ရှိပြီး အာဆီယံက မြန်မာနိုင်ငံမှာ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပြီးဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာ စစ်ကောင်စီရဲ့ အပြစ်သာဖြစ်တယ် လို့ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဆို ပါတယ်။

“အာဆီယံအဖွဲ့ကိုပဲ ဝေဖန်တာတွေမပြုလုပ်ဘဲ စစ်ကောင်စီကိုသာ ပြစ်တင်သင့်ပါတယ်” လို့ သူမက အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

“ကျွန်မတို့ ဘယ်သူ့ကိုပြစ်တင်ရမလဲ ဘယ်သူ့ဘက်က ပျက်ကွက်ခဲ့တာလဲပြောတဲ့အခါ ကျွန်မတို့ဘက်က ပျက်ကွက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်မတို့အပိုင်းကို ကျွန်မတို့ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

လာမည့်သီတင်းပတ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဘုံသဘောတူညီချက် ဖော်ဆောင်ရေးအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အကြံပြုချက်သစ်တွေ ပြုလုပ်ခဲ့တယ်လို့ မာဆူဒီက ပြောပါတယ်။

“မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မယ့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ကျွန်မတို့ လုပ်ဆောင်ပေး ပါတယ်။ မြန်မာ့ပြဿနာကို ပြင်ပကမဟုတ်ဘဲ မြန်မာပြည်သူတွေကသာ ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်မတို့ သိပါ တယ်” လို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွက်မျက်တာ အပါအဝင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံတွေက စိတ်ပျက်နေပေမယ့် ဘုံသဘောတူ ညီချက်ငါးရပ်နဲ့သာ မြန်မာ့အရေးကိုဖြေရှင်းဖို့ သံန္နိဌာန်ချထားတယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်း အာဆီယံအဖွဲ့က ပြောပါတယ်။

ကိုးကား – Reuters
Ref; Myanmar junta responsible for crisis, says Indonesia foreign minister