ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်
ချင်းပြည်နယ်၊ဖလမ်းမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား မန်ဆွမ်သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် CDF-Siyin အဖွဲ့ထံအလင်းဝင်ခိုလှုံလာကြောင်း နိုဝင်ဘာလ ၃ရက်နေ့ရက်စွဲဖြင့် CDM-Siyin မှသတင်းထုတ်ပြန်ထားသည်။
အသက်၂၅နှစ်အရွယ်ရှိ အဆိုပါရဲတပ်သားမှာ ရဲလုပ်သက် ၄ နှစ်ခွဲရှိပြီဖြစ်ပြီး ၄င်း၏မိသားစုကို စစ်ကောင်စီမှ အကြပ်ကိုင်ထားသောကြောင့် ယခုတွင်သာ CDM ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်းကို ၎င်းရဲတပ်သားက ပြောဆိုထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#ဖလမ်း #မြို့မရဲစခန်း #ရဲတပ်သား #အလင်းဝင်
#Ayeyarwaddy_Times