ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊အီနိုင်းကျေး ရွာ ၆ အုပ်စုတွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်မှု နိုဝင်ဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ ပရဟိတအသင်းထံမှ သိရှိရသည်။
သားဖြစ်သူမှာ မူးယစ်ဆေးသုံးစွဲသူတဦးဟုသိရကာ မူးယစ်ဆေးကြောင်ကာ ယင်းကဲ့သို့သတ်ဖြတ်ခြင်းဖြစ် နိုင်ကြောင်း၊ မိခင်ဖြစ်သူမှာနေရာတွင်သေဆုံးခဲ့ပြီး သားဖြစ်သူမှာထွက်ပြေးလွတ်မြောက်နေကြောင်း လားရှိုးမြို့အခြေစိုက်ပရဟိတအသင်းတခု၏ တာဝန်ရှိသူကပြောသည်။
“သားဖြစ်သူက မိခင်ရင်းကို ဓားနဲ့ခုတ်ထစ်ပြီး အပိုင်းပိုင်းဖြတ်ထားတာပါ။ ကျွန်တော်တို့ရောက် တော့ ဒူးလောက်ကနေ နှစ်ဖက်လုံးဖြတ်ခံထားရတယ်။ မျက်နှာတွေလည်း ဓားခုတ်ရာတွေနဲ့ သေဆုံးနေတယ်။ ကြည့်ရတာ ဆေးကြောင်နေတယ်ထင်တယ်။ သူ့သားကဆေးသုံးတယ်လို့လည်းပြောကြတယ်။ သားဖြစ်သူကတော့ ထွက်ပြေးနေတယ်” ဟု ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပရဟိတအသင်းထံကို အကူအညီတောင်းသဖြင့် သွား ရောက်ရာတွင် မိခင်ဖြစ်သူမှာ ဖြစ်ပွားရာနေရာတွင် သေဆုံးနေပြီး ရုပ်အလောင်းကို ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ပရဟိတအသင်းတာဝန်ရှိသူမှ “ဒီဘက်တွေက ဒီအမှုတွေတအားပေါတယ်။ မထိန်းချုပ်နိုင်ဘူးပေါ့နော်။ ဖအေက သားသမီးကိုပြန်သတ်တာမျိုး၊ ခုလို သားသမီးက မိဘကိုပြန်သတ်တာမျိုးတွေ စုံနေတာပါပဲ။ လာရှိုးမှာကမူးယစ်ဆေးလည်းဝယ်ရတာ လွယ်တယ်လေ” ဟု ဆိုသည်။
လက်ရှိအချိန်ထိ ဓားဖြင့်ခုတ်သတ်ခဲ့သည့် သားဖြစ်သူ တရားခံကို ဖမ်းဆီးရမိခြင်းမျိုး မရှိသေးကြောင်းသိရသည်။
#လာရှိုး #သားအရင်း #မိခင် #သတ်ဖြတ် #Ayeyarwaddyimes